ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးသည် ဆွစ်ဇာလန်နိုင်ငံမှ သံအမတ်ဖြစ်သူ Christoph Burgener နှင့် အဖွဲ့အား (၁၄-၁၀-၂၀၁၄) ရက်နေ့ (၁၂း၃၀) အချိန်တွင် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ရေးရာ ဆောင် အမှတ် (၁) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကျော်ခင်၊ ဦးစောဘသိန်း၊ ဦးမောင်မောင်တင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြောင်းလဲကျင့်သုံးနေသည့် စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်လာသော ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ ဆောင်ရွက်နေမှု များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
