ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဟန်ဂေရီနိုင်ငံသံအမတ်ကြီး H.E.Mr. Denes Tomaj အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် ဗန်ကောက်မြို့အခြေစိုက် ဟန်ဂေရီနိုင်ငံသံအမတ်ကြီး H.E.Mr. Denes Tomaj အား ၂၀၁၄ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ  လွှတ်တော် ရေးရာဆောင်(I-1) ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးညီထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် လွှတ်တော်များအကြား အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

 တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကြသည်။

Standard (Image)