ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာနနှင့် လက်တွဲဆောင်ရွက်လျက်ရှိသော ပျိုးပင်အစီအစဉ်မှ ဦးအောင်ကျော်သိန်း၊ စီမံကိန်းအထူးအကြံပေးအရာရှိနှင့် Mr.Patrick Burgess,ဥပဒေအကြံပေး (ပျိုးပင်/South East Asia Legal Aid Network-SEALAW)တို့အား ယနေ့နံနက်ပိုင်း (၁၀း၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(I-1)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်ဝင်းတို့က Legal Aid Law ပြဋ္ဌာန်း နိုင်ရေးနှင့် အခြားဆက်စပ်သည့် လုပ်ငန်းများတွင် ပြည်သူ့လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
Standard (Image)
