ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အီတလီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အီတလီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Ms.Lauara BOLDRINI နှင့် အောက်လွှတ်တော်အဆောက်အအုံ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အီတလနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌH.E.Ms.Laura BOLDRINI က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အီတလီနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးမြင့်နောင်၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယကက အီတလီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌကို မြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်

Standard (Image)