ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute မှ Senior Country Director, Dr.Richard A. Nuccio နှင့် Mrs.Elizabeth Weir, Consultant in Parliamentary and political Party strengthening တို့အား ၂၀၁၄ခုနှစ် အောက်တိုဘာ ၂ ရက် ညနေပိုင်း (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်နန်းဝါနု၊ ဦးသောင်း၊ ဦးစတီဖန်၊ ဦးခင်မောင်ညို၊ ဦးခင်မောင်ရွှေ၊ ဦးစိုးရယ်၊ ဦးစိုးစိုး၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာ စိုးမိုးအောင်နှင့် ဦးအောင်မြသန်းတို့က လွှတ်တော်လုပ်ငန်းများတွင် ဥပဒေပြု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအထောက်အကူများပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Standard (Image)
