ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူး ဒေါက်တာနေလင်း သည် ကိုးရီးယားသမ္မတနိုင်ငံမှ Mr. Park Jae Kyung အား ၂၀၁၄ခုနှစ် အောက်တိုဘာ ၁ ရက် နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာ ဆောင်အမှတ် (I-11) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်၊ ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး အသင်းဖွ့ဲစည်းမှု၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။
Standard (Image)
