ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ဗြိတိန်နိုင်ငံ Bingham တရားဥပဒေစိုးမိုးရေးစင်တာမှ ပညာရေးနှင့် လေ့ကျင့်ရေးဒါရိုက်တာ ဖြစ်သူ Ms.Nainal Patel ဦးဆောင်သော အဖွဲအားလက်ခံတွေ့ဆုံ

ပြည်သူူ့လွှတ်တော်ဥက္ကဋ္ဌ(ကိုယ်စား)၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် တို့သည် ဗြိတိန်နိုင်ငံ Bingham  တရားဥပဒေစိုးမိုးရေးစင်တာမှပညာရေးနှင့်လေ့ကျင့်ရေး ဒါရိုက်တာဖြစ်သူ Ms.Nainal Patel ဦးဆောင်သော အဖွဲ့အား ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့ ညနေ (၁၅း၃၀)နာရီအချိန်တွင်နေပြည်တော်ရှိ  လွှတ်တော်အဆောက်အဦ ရေးရာဆောင်၊ အဆောင် အမှတ် I-1 ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲဝင်များဖြစ်ကြသော ဦးညီထွန်း၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတတ်ရောက်ကြပါသည်။

Standard (Image)