ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များအား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ(ကိုယ်စား) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Kim Sok Chol နှင့် အဖွဲ့အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၀၈း၀၀)နာရီ အချိန်တွင် လည်းကောင်း၊ ဗြိတိန် နိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Wayne Lves  အား မွန်းလွဲ (၁၅း၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ပါကစ္စတန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Ehsan Ullah Batth နှင့် အဖွဲ့အား မွန်းလွဲ (၁၆း၀၀) နာရီအချိန်တွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ရေးရာဆောင် အဆောင်အမှတ် (၁)ဧည့်ခန်းမ၌ အသီးသီး လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

Standard (Image)