ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်လာအို ပြည်သူ့တော် လှန်ရေးပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Thongsavanh PHOMVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၃ ရက် ညနေ(၄)နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင် သိမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများတတ်ရောက်ကြပြီး ဧည့်သည်တော် နှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Nilahath SAYARATH လည်း တက်ရောက်သည်။
