ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ သည် VISA Worldwide မှ Country Manager Mr. Hiro Taylor ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ (၁၃း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီ အဖွဲ့ဝင်ဦးကြည်တင့်၊ ဦးသန်းဝင်းတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် VISA Worldwide မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်းဆွေးနွေးကြသည်။
Standard (Image)
