ပြည်သူ့လွှတ်တော်ကော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပိုလန်နိုင်ငံခြားရေးကြီးဌာန၊ အာရှ-ပစိဖိတ် ညွှန်ကြားရေးမှူးချုပ် Mr. Filip Grzegorzewski ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးသိန်းထွန်းဦး၊ ဦးခင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Standard (Image)
