ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပေါလစ်ဗျူရို အဖွဲ့ဝင်(ဟိုချီမင်းမြို့)၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး H.E. Mr. Le Thanh Hai နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပေါလစ်ဗျူရိုအဖွဲ့ဝင်(ဟိုချီမင်းမြို့)၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး H.E. Mr. Le Thanh Hai နှင့် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီတွင် ဟိုချီမင်းမြို့ Reunification Palace အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊ ဒေါက်တာခင်ရွှေ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းလှိုင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ပေါလစ်ဗျူရိုအဖွဲ့ဝင်(ဟိုချီမင်းမြို့)၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး H.E. Mr. Le Thanh Hai နှင့်အတူ ဗီယက်နမ်- မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Nguyen Manh Tien ၊ ဟိုချီမင်းမြို့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဗီယက်နမ်အမျိုးသား လွှတ်တော်မှ အဆင့်မြင့် အရာရှိများတက်ရောက်ကြကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား Reunification Palace ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပါတီအတွင်းရေးမှူးနှင့်အတူ မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် Saigon Opera House သို့ထွက်ခွာခဲ့ကြရာ Saigon Opera House တွင် ဟိုချီမင်းမြို့ ယဉ်ကျေးမှုအဖွဲ့မှ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဖျော်ဖြေပွဲအပြီးတွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက နှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ခေတ္တတည်းခိုသည့် ဟိုချီမင်းမြို့ Inter Continental ဟိုတယ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်တွင် ပြန်လည်ရောက်ရှိကြသည်။

Standard (Image)