ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးတီခွန်မြတ် The Need Assessment Mission (NAM) အဖွဲ့မှMs.Hiroko Miyamura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးတီခွန်မြတ်The Need Assessment Mission (NAM) အဖွဲ့မှMs.Hiroko Miyamura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ၁၁:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၂)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် များ ဖြစ်သော ဦးစတီဖန်၊ ဦးခင်မောင်ညို၊ ဦးခင်ဝင်း၊ ဦးစိုးရယ်၊ ဦးသောင်း၊ ဦးခင်မောင်ရွှေနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

Standard (Image)