ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံတော် ကောင်စီဝင်အမျိုးသား ကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်တရုတ်နိုင်ငံတော်ကောင်စီ ဝင် အမျိုးသား ကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သည့် အဖွဲ့အား မေလ၂၀ ရက်နေ့  နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်၊ ပြည်သူ့ လွှတ်တော်၊ ကော်မရှင် အဖွဲ့ ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးကြည်ထွဋ်ဝင်း၊ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက် ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးလည်း တက် ရောက်သည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

Standard (Image)