ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ အထူးကိုယ်စားလှယ် H.E. Ambassador WANG Yingfan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား မေ ၁၅ ရက် နံနက် ၉ း ၃၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Standard (Image)