ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် လူအခွင့်အရေးနှင့် လူသားချင်း အကူအညီပေးရေး ဆိုင်ရာ ဂျာမနီ ပြည်ထောင်စုအစိုးရ ကော်မရှင်နာ H.E. Mr. Christoph Strasser ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မေ ၁၄ ရက် နံနက် (၉)နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေး၊ နှစ်နိုင်ငံလွှတ်တော်များ ချစ်ကြည်ရင်းနှီး တိုးတက်ခိုင်မာရေး၊ လွှတ်တော်ဝန်ထမ်း များ အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၂၀၁၄ မေ ၁၄
Standard (Image)
