တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးထွတ်ခွာလာသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၁၄ ခုနှစ်၊ဧပြီလ ၇ရက်နေ့ ၀၉၃၀နာရီချိန်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ဥပဒေပြုကောင်စီ သို့ ရောက်ရှိ ရာ
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ဥပဒေပြုကောင်စီဥက္ကဋ္ဌ Hon. Mr. Jasper TSANG.GBS,JP က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဥပဒေ ပြုကောင်စီ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ၊ ဥပဒေပြုကောင်စီဥက္ကဋ္ဌတို့သည် အစည်းအဝေး ခန်းမဆောင်၌ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များ၊ အတွေ့အကြုံများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဟောင်ကောင် ဥပဒေပြုကောင်စီ အစည်းအဝေး ခန်းမနှင့် ဥပဒေပြုကောင်စီ အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သောမြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၇ ရက်နေ့တွင် ဟောင်ကောင် Stock Exchange၊ Exchange Square၊ American Club နှင့် Mannings Store တို့သို့လည်း သွားရောက်လေ့လာခဲ့သည်။
မွန်းလွဲ ၂နာရီ ၃၀မိနစ် အချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ွမန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အစိုးရအိမ်တော်သို့ရောက်ရှိပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ အုပ်ချုပ်ရေးမှူး H.E. Mr. Leung Chun-ying နှင့် တွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ွမန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် Jardine Matheson Presentation သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်လင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့အား Jardine Matheson ကုမ္ပဏီမှ နေ့လည်စာ စားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။
ဧပြီလ ၈ ရက်နေ့ ၀၉၀၀ နာရီချိန်တွင် ွပည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တည်းခိုရာ Renaissance Hotel ၌ Mitsui Banking Corporation ဒုတိယဥက္ကဋ္ဌ Mr. Hinoshi Minoura နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံပြီး ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ွမန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်မြို့ပြတည်ဆောက်မှု အွခေအနေ များအား လည့်လည်ကြည်ရှု လေ့လာခဲ့ကြသည်။
ညနေ ၆ နာရီချိန်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့သို့ ထွက်ခွာရာ ပြည်ထောင်စုလွှတ်တော်နာယကနှင့် မြန်မာ လွှတ်တော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့ အား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကောင်စစ်ဝန်ချုပ် ဦးဝေလွင်သန်းနှင့် ကောင်စစ် ဝန်ချုပ် ရုံးမှ တာဝန်ရှိသူများက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
၂၀၁၄ခုနှစ် ဧပြီ ၈
