ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ် လာဇီးယား ဦးဆောင် သည့် ကျောင်းသား/ကျောင်းသူများအား ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ အတွင်းရေးမှူး ဦးမောင်တိုး၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးကြည်ထွဋ်ဝင်း၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ မတ် ၂၈
Standard (Image)
