ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ် တွင် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်နှင့် အတူ သတင်းမီဒီယာများအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်၌ လက်ခံတွေ့ ဆုံသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ သိရှိလိုသည်များနှင့် ပတ်သက်၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
၂၀၁၄၊ မတ် ၂၆
Standard (Image)
