ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရက ထောက်ခံတင်ပြထားသော စီမံကိန်း (၈)ခုအတွက် ပြည်ထောင်စု အစိုးရက ခွင့်ပြု ကူညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရက ထောက်ခံတင်ပြထားသော စီမံကိန်း (၈)ခု အတွက် ပြည်ထောင်စုအစိုးရ ခွင့်ပြုကူညီပေးရေးနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရီဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယ က၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတက်ရောက် အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်း များနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး များ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာကုမ္ပဏီများက ရခိုင်ပြည်နယ် အတွင်း ပြည်နယ် အစိုရက ထောက်ခံတင်ပြထားသော စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ယင်းနောက် ပြညထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။

နေပြည်တော်၊ မတ် ၂၆

Standard (Image)