ပြည်သူူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ OHCHR မှ အရှေ့တောင် အာရှဒေသဆိုင်ရာရုံး၏ ဒုတိယအကြီးအကဲဖြစ်သူအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် OHCHR မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Heike Aletsen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာလွှတ်တော်မှ ဆောင်ရွက်လျက်ရှိသော ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ OHCHR မှ အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးအောင်မြင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၄ မတ် ၂၆

Standard (Image)