ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံဝန်ကြီး ချုပ်ဟောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်သူ The Elders (ရပ်မိရပ်ဖများ) အဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Ms. Gro Harlem Brundtland နှင့်အဖွဲ့အား မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဒေါက်တာ ကျော်မြင့်၊ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းသန်း၊ ဦးဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ မတ် ၂၄
Standard (Image)
