ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း သည် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ရေး ရာဆောင်အမှတ် I-8 ၌ Capital World Investors မှ Senior Vice President Mr. Steven T. Watson နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းသန်းနှင့် ဦးထွန်းထွန်းတို့ တက်ရောက်ကြပြီး Vice President Mr. Steven T. Watson နှင့်အတူ ဟောင်ကောင် အခြေစိုက် Standard Chartered Bank မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
၂၀၁၄ မတ်လ ၂၀
Standard (Image)
