၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၂ ရက် မွန်းလွဲ ၃နာရီ၃၀ မိနစ်တွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယကက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် တက်ရောက်လာသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက် ဆိုင်ရာ လွှတ်တော် ကော်မတီဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံ ကိန်း ဥပဒေ ကြမ်းနှင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြကြောင်းသတင်းရရှိသည်။
၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်
