ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၁၉/၂၀၁၄

၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်)

ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

 

 

၁။ ရဟန်းရှင်လူ ပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အတွက် ဥပဒေကြမ်း များ ရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု လွှတ်တော် နာယကက ပြန်ကြားလာပါသည်။ 

၂။ ဥပဒေကြမ်းများ ရေးဆွဲပြုစုရာတွင် ပြီးပြည့်စုံသည့် ဥပဒေကြမ်းများ ဖြစ်နိုင်စေရန် ဘာသာရပ်ဆိုင် ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များပါဝင်သည့်ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ရေးဆွဲသင့်သည့် အတွက် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန် ပေးလိုက်သည်-

၃။ ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

ရဟန်းရှင်လူ ပြည်သူတို့ထံက ပေးပို့လာသည့် အကြံပြုချက်များနှင့် ဥပဒေကြမ်းများ ရယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်မည့် ပုဂ္ဂိုလ် သတ်မှတ် တာဝန်ပေးရန်၊

(ခ)

လိုအပ်ပါက ပွင့်လင်းမြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပ၍ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊

(ဂ)

အောက်ပါအချက်များကို အခြေခံ၍ ဥပဒေကြမ်းရေးဆွဲရန်-

 

(၁)

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေပြီး ကွဲပြားသော ဘာသာ အယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊

 

(၂)

တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ချိတ်ဆက် ကျင့်သုံးနိုင်စေရန်၊

 

(၃)

နိုင်ငံတော်နှင့်ပြည်သူတို့အတွက် ရေရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်စေရန်။

(ဃ)

လိုအပ်ပါက ဘာသာရပ် ကျွမ်းကျင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အကြံဉာဏ်ရယူရန်။

၄။ ကော်မရှင်သည် အောက်ပါနည်းလမ်းများကို အသုံးပြု၍ ဥပဒေကြမ်းအား ရေးဆွဲပြုစုရန် ဖြစ်သည်-

(က)

ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ ဥပဒေများအား စိစစ်လေ့လာ၍ မိမိနိုင်ငံ၏ လူ့အဖွဲ့ အစည်းနှင့် ဆီလျော်ညီညွတ်သည့် အချက်များကို သုံးသပ်ပြီး ရေးဆွဲ ပြုစုခြင်း၊

(ခ)

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီစေရန် ရေးဆွဲပြုစုခြင်း၊

(ဂ)

ရဟန်းရှင်လူ ပြည်သူများထံမှ လည်းကောင်း၊ ဘာသာရပ် ကျွမ်းကျင်သူများထံမှ လည်းကောင်း အကြံပြုချက်များ သို့မဟုတ် ဥပဒေကြမ်းများကို ဖိတ်ခေါ် တောင်းခံ၍ အချက်အလက်ရယူပြီး ရေးဆွဲပြုစုခြင်း။

 ၅။ ဥပဒေကြမ်းရေးဆွဲရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကို နိုင်ငံတော်သမ္မတရုံး ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။

၆။ ကော်မရှင်သည် အပြီးသတ်ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်း (၂) ရပ်ကို ၃၀-၆-၂၀၁၄ ရက်နေ့ ထက် နောက်မကျစေဘဲ နိုင်ငံတော် သမ္မတထံ တင်ပြရမည်။ ယင်းဥပဒေကြမ်း (၂) ရပ်အား ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပြီးချိန်တွင် ကော်မရှင်၏ လုပ်ငန်းတာဝန် ပြီးဆုံးသည်။

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Standard (Image)