ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မီဒီယာသမားများအား တွေ့ဆုံ၍ လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်လုပ်ငန်းများကို ရှင်းလင်းပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မတ်(၆)ရက် နံနက် (၁၁)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ ပြည်တွင်းပြည်ပ သတင်းဌာနများမှ မီဒီယာ သမားများအားတွေ့ဆုံ၍ လွှတ်တော်၏ ဆောင်ရွက် ချက်များနှင့် လွှတ်တော် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲ၌ တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပမှ သတင်းဌာနများ၊ ပြည်တွင်းဂျာနယ်များ၊ နေ့စဉ်ထုတ် သတင်းစာများမှ အယ်ဒီတာများနှင့် သတင်းထောက်များက အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးကိစ္စ၊ ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စ၊ ၂၀၁၄ခုနစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းကြပြီး ပြည်ထောင်စု လွှတ်တော်နာယက ကပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်

Standard (Image)