ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်၊ တိုင်းရင်း သားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၏ တင်ပြချက် အရ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားတက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့်
"ဝ"အထူးဒေသ(၂) အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယူရီ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေ အိမ်၌၂၀၁၄ ခုနှစ်၊ မတ် ၁ နံနက် (၀၉း ၅၀)နာရီချိန်တွင် လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့ လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင် ရေးရာနှင့် ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်
