ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ဖေဖော်ဝါရီ ၂၇ နေ့နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဂျာမန် Friedrich Ebert Stiftung (FES) ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Kurt Beck ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ ကော်မတီ အတွင်းရေး မှူးများ ဖြစ်ကြသည့် ဦးအေးမောက်၊ ဒေါက်တာနေလင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင် ထွန်း၊ ဒေါ်အေးအေးမူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၄ ဖော်ဖော်ဝါရီ ၂၈
Standard (Image)
