ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား Jardine Matheson Group ဥက္ကဋ္ဌ Sir Henry Keswick နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ Jardine Matheson Group ဥက္ကဋ္ဌ Sir Henry Keswick နှင့် အဖွဲ့ လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး ၊ ဦးဌေးမြင့် ၊ ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်

Standard (Image)