၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ ဖေဖေါ်ဝါရီလ ၂၄ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယကက အဖွင့်အမှာ စကားပြောကြားပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာသည့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ လွှတ်တော် ကော် မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

၂၀၁၄ ဖေဖော်ဝါရီ ၂၅

Standard (Image)