ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယဝန်ကြီး H.E. Mr. Ai Ping နှင့် ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ သူရ ဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan လည်း တက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား တွေ့ ဆုံ ဆွေးနွေးကြသည်။
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်
