ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာ မြန်မာနိုင်ငံအခြေစိုက်အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၏ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည်  မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဌာနေ ကိုယ်စား လှယ်ဖြစ်သူ Mr.Jurg Montani  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား ၁၉-၂-၂၀၁၄ ရက် နေ့လည် ၂း၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ( I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေမှုများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ကျန်းမာရေးမြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက်တာနေလင်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်စိုး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၄ ဖေဖေါ်ဝါရီ ၁၉

Standard (Image)