ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ၁၉-၂-၂၀၁၄ ရက် နံနက် (၀၉း၀၀)နာရီ အချိန်တွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Robert Cooper ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရာထမ်းများကို လေ့လာရေး ခရီးစဉ်များ၊ သင်တန်းပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့နှစ်ရပ်ကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးမြှင့်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အတူ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ ဖေဖော်ဝါရီ ၁၉
