ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၁၈-၂-၂၀၁၄ ရက် ၁၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan လာရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ ဖေဖော်ဝါရီ ၁၈
Standard (Image)
