ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် Global Leadership Foundation၏ အဖွဲ့ဝင်ဖြစ်သူ (တောင်အာဖရိကနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဝန်ကြီးဟောင်း) Mr. Roelf Meyer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့(၀၈း၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေပြုရေးကိစ္စရပ်များ၊ Global Leadership Foundation ၏ လုပ်ငန်းဆောင်ရွက်ချက် များ၊ တောင်အာဖရိကနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများ၏ အသွင်ကူးပြောင်းရေး ဆိုင်ရာအတွေ့ အကြုံများ၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံး သပ်ရေးကော် မရှင် အဖွဲ့ဝင် ဦးအောင်မြင်ထွန်းနှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်
