ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့သည် The World Bank မှ ကျွမ်းကျင်ပညာရှင်များအား ယနေ့ နေ့လည် ၁နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာဆောင် အမှတ်(၉)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး၊ မိုးလေဝသဆိုင်ရာ ကိစ္စရပ် များ၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဝင်များ စုံညီစွာ တက်ရောက်တွေ့ဆုံခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်
Standard (Image)
