ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန်နိုင်ငံခြားရေး ဝန် ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Ms. Judith Cefkin ဦးဆောင်သောအဖွဲ့အား ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell လည်း တက်ရောက်သည်။
၂၀၁၄ခုနှစ၊် ဖေဖော်ဝါရီ ၆ ရက်
Standard (Image)
