ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းအိန္ဒိယသမ္မတနိုင်ငံ၊Nagaland ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်   အိန္ဒိယသမ္မတ နိုင်ငံ၊ Nagaland ပြည်နယ်ဝန်ကြီးချုပ် H.E. Mr. Shri. Neiphiu Rio နှင့်အဖွဲ့အား ယနေ့ညနေ ၄ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးဟောက်ခန့်မန်၊ ဦးလှထွန်း၊ ဦးဇင်းဝမ်၊ ဦးဆားမူ၊ ကော်မရှင်အဖွဲ့ဝင်   ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
၂၀၁၄၊ ဖေဖော်ဝါရီလ ၄ ရက်

Standard (Image)