ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ ဂွမြို့နယ်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ သည် ၂၇.၁.၂၀၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဂွမြို့နယ် ကမ်းသာယာနှင့် ဆပ်သွား ကျေးရွာများရှိ တပ်မတော်မှ သိမ်းဆည်းထားသော အုန်းခြံနှင့် လယ်ယာမြေ သိမ်းဆည်းခံ ပြည်သူများနှင့် တွေ့ဆုံပြီး၎င်းမြေ ယာများ ပြန်လည်ရရှိစေရေးအတွက် လွှတ်တော်မှ ဆောင်ရွက်ထား သည်များ၊ ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ၂၈.၁.၁၄ ရက်နေ့ တွင်လည်း ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲရှိ တပ်မတော်မှ မြေယာ သိမ်းဆည်းခံ ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။

၎င်းနောက် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံနှင့် ဂွမြို့နယ်၊ ရတနာမြိုင် (ကုလားပြင်) အထက်တန်းကျောင်းခွဲတို့ ဝင်ရောက်ပြီး ဆေးရုံအုပ်၊ကျောင်း အုပ် ဆရာမကြီးတို့နှင့် တွေ့ဆုံပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်။

၎င်းနေ့ နေ့လည်ပိုင်းတွင် ဂွမြို့နယ်ရှိ သဘာဝ ဒီရေတော ကာကွယ်ရေး ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် ဝက်ထိုကျွန်း၊ ထုံးဘိကျွန်းများရှိ ရှားပါးပင်များ ထိန်းသိမ်းထားမှုနှင့် ဒီရေတောကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော Biodiversity and Nature Conservation Association မှ အဖွဲ့ ဝင်များနှင့် တွေ့ဆုံပြီးဒီရေတောရေရှည်ထိန်းသိမ်းထားနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ပြီး ၂၉.၁.၁၄ ရက်နေ့တွင် ဂွကျွန်းသို့သွားရောက်ပြီး သဘာဝအလှအပများ မပျက်စီးစေရေး ထိန်းသိမ်း ဆောင်ရွက်ရန် သွားရောက်ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက်ခဲ့ကြောင်းသတင်းရှိသည်။

Standard (Image)