ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့သို့ လာရောက်လေ့လာကြသည့် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တို့မှ ဓနုတိုင်းရင်းသားများအား ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
Standard (Image)
