ပြည်ထောင်စုလွှတ်တော်နှင့် ဟန်ဆိုဒ်ဒယ်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုလွှတ်တော်နှင့် Hans Seidal Foundation တို့ပူးပေါင်း၍ ဖက်ဒနယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Fedaralism) အား ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နေပြည်တော်ရှိ Lake Garden Hotel တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် Hans Siedal Foundation ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Achim Munz တို့က အဖွင့်အမှာ စကားပြောကြား၍ ပါမောက္ခ Dr. Roland Sturm နှင့် ပါမောက္ခ Dr. Heinemann Gruder တို့ ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တု့ိမှ နိုင်ငံတကာဆက်ဆံရေးရာကော်မတီ ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

Standard (Image)