ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်ခ် အိုဘားမား နှင့် တွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နန်းဝတီဟိုတယ် ဧည့်ခန်းမ၌ (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက် ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်ခ် အိုဘားမား နှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးလှမြင့်ဦး၊ ဦးတင်မောင်ဦး၊ ဦးဝင်းထိန်၊ ဦးရဲထွန်း၊ ဒေါ်ဖြူဖြူသင်း၊ ဦးခင်မောင်ရီ၊ ဦးညွန့်တင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရှုမောင်၊ ဦးဇုန်လှယ်ထန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော်အမေရိကန် သမ္မတနှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Standard (Image)