ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည် တွင်း၊ ပြည်ပ သတင်းဌာနများမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ လက်ခံတွေ့ဆုံ သည်။
၎င်းနောက် Ji Ji Press, NHK, Sankei Shimbun,Wall Street(US) (အခြေစိုက်)၊ Channel News Asia ၊ AFP ၊ DVB ၊ RFA၊ မဇ္ဈိမ၊ ကုမုဒြာဂျာနယ်၊ ပြည်ထောင်စုနေ့စဉ် သတင်းစာ၊ MRTV-4 သတင်းဌာနတို့မှ အယ်ဒီတာနှင့် သတင်းထောက်များက သိရှိလိုသည့် အချက်များ ကို မေးမြန်းကြ ရာ ပြည်ထောင်စု လွှတ်တော်နာယက က ပြန်လည် ရှင်းလင်း ဖြေကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ သတင်းဌာန ( ၁၈ ) ခုမှ အယ်ဒီတာနှင့် သတင်းထောက် ( ၃၇ ) ဦးတို့ တက်ရောက် ကြသည်။
