ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဓါတု လက်နက်တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာအဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ မာ့ခ်အယ်လ် ဘွန်းစ်အား ၂၀၁၄ခုနှစ် သြဂုတ် ၂၇ ရက် မွန်းတည့် (၁၂) နာရီတွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Standard (Image)
