ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် အင်ဒိုနီးရှားပါလီမန် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ Mr.Tantowi Yahya ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် သြဂုတ် ၂၅ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (၁)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်နှင့် အတွင်းရေးမှူးဦးမောင်တိုး၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ခင် ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်စိုး၊ ဒေါ်အေးအေး မူနှင့် ဒေါ်တင်ဘုန်းနွယ် ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည် ရင်းနှီးရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ အချင်းချင်း အတွေ့အကြုံဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။
၂၀၁၄ခုနှစ် သြဂုတ် ၂
