ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသီရိလင်္ကာနိုင်ငံသမ္မတဟောင်း မစ္စစ်ချန်ဒရီကာဘန်ဒရာနိုက်ကေး ကုမာရတွန်ဂါအား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သီရိလင်္ကာနိုင်ငံသမ္မတဟောင်း မစ္စစ်ချန်ဒရီကာ ဘန်ဒရာနိုက်ကေး ကုမာရတွန်ဂါအား ၂၀၁၄ခုနှစ် သြဂုတ် (၂၂) ရက်တွင် နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်ချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ခိုင်မာရေးဆောင်ရွက်မှု၊ သီရိလင်္ကာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆောင်ရွက်မှု၊ နှစ်နိုင်ငံ အကြား စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

Standard (Image)