အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကော် မတီ၊ ကော်မရှင်အဖွဲ့ဝင်များ အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်မှုကော်မရှင် Mr.Ericp.Schwartz ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီသည် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် အပြည်ပြည်ဆိုင်ရာဘာသာရေး လွတ်လပ်မှု ကော်မရှင်မှ ကော်မရှင်နာ Mr.Ericp.Schwartz ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် သြဂုတ်  ၂၂ ရက် နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်(I-1) ၌ လက်ခံတွေ့ ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းကော်မရှင်က သိရှိလိုသောဘာသာရေး၊ လူမှုရေးကိစ္စများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါသည်။

Standard (Image)