ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်မိုး) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူ သီရိဆောင် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 အဆိုပါတွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ  ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် သိမ်း၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌဦးသိန်းဇော်၊  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့်  ဦးသိန်းထွန်း၊ ဦးခင်မောင်ထွန်းနှင့် ဦးအောင်မြင့်ထွန်း၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့်အတူ အတွင်းရေးမှူး ဦးကျော်မင်းဆွေနှင့် အဖွဲ့ဝင် (၆)ဦး တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး တို့၌ သတင်း မီဒီယာများမှ ချောမွေ့အဆင်ပြေစွာ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြသည်။

Standard (Image)