ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး မစ္စစ်ဆူရှမာဆွာရာ့ဂျ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၄) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ဋ္ဌေး၊ ပြည်သူ့လွှတ်တော်အလုပ်သမား၊ တောင်သူ လယ်သမားနှင့် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဋ္ဌေးဝင်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမှု၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူ များတက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဆူရှမာဆွာရာ့ဂျ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Shri Gautam Mukhopadhaya လည်း တက်ရောက်သည်။    

Standard (Image)