ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာရိဆုယုံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ပြည်သူ့ လွှတ်တော် အလုပ်သမား၊ တောင်သူလယ်သမားနှင့် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာရိဆုယုံ ဦးဆောင်သော အဖွဲ့နှင့်အတူ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Kim Sok Chol လည်းတက်ရောက်သည်။
